The Internationale - ညီညွတ်ရေးတေးသံ (Myanmar)

The Internationale - ညီညွတ်ရေးတေးသံ
 

ထလော့… အငတ်ဘေး ကျရောက် သူ ဒို့.. တတွေ

ထလော့… ကမ္ဘာတဝှမ်းက ကျေးကျွန်တွေ

တော်လှန်ကာ ထစ်ချုန်းမည် ကြွေးကြော်လို့နေ

နောက်ဆုံးပိတ်တိုက်ပွဲ နွှဲဆင်မလေ…။


ရှေးရိုး အစဉ်အလာ အယူအဆစွဲတွေ စွန့်လေ

ကျွေးကျွန်တွေ ထလေ၊ ထကြလေ..

အခြေအနေတွေ ဒို့.. တော်လှန်ကာသာ ပြောင်းမလေ

အောင်မြင်ဖို့ရာ ရှင်းပစ်စို့လေ…။


သံပြိုင် -- ရဲဘော်တို့လာ စုရုံးနေ

အဆုံးစစ်ပွဲ နွှဲမယ်လေ

အင်တာနေရှင်နယ် ကမ္ဘာမှာ အကုန်ညီစေ…။


ရဲဘော်တို့လာ စုရုံးနေ

အဆုံးစစ်ပွဲနွှဲမယ်လေ

အင်တာနေရှင်နယ် စည်းရုံးစုစည်းကာနေ…။


ကယ်တင်ရှင် ဘယ်သောအခါကမှ မရှိပေ

နတ်သိကြားနဲ့ မင်းဘုရား ဒို့.. မယုံပေ

နှောင်ကြိုးကို ဒို့..လက်ရုံးဖြင့် ချိုးဖျက်မလေ

သောက ဗျာပါဒ၊ လောဘ ကင်းစင်စေ…။


လုယက်ခြင်းမှ မှန်မလွဲပင်ကင်းမလေ

များပြည်သူ တူညီပျော်မြူးကြစေ

အားလုံးက တာဝန်ကိုယ်စီ ထမ်းမလေ

သံပူခိုက်ဝယ် အားစိုက်ထုနှက်ဟေ…။


လယ်သမား၊ လုပ်အားစိုက်ထုတ်သူ အပေါင်းတွေ

ပစ္စည်းမဲ့များနဲ့ ပေါင်းစည်းဟေ

ညီရင်း ပမာ၊ အဓိဋ္ဌာန် သစ္စာပြုစို့ဟေ

သွေးစုပ်ကောင်တွေမောင်းထုတ်ဟေ…။


ဒို့ရဲ့သွေးသားသူတို့ဝါးမြိုစားသလေ

နှစ်ကာလ ရှည်ကြာခံခဲ့ရပေ၊

ကြောက်လန့်စိတ် အကုန်အစင်စွန့်လေ

အရုဏ်ကျင်းကာ အလင်းသို့ရောက်ပြီဟေ…။

Comments

Popular posts from this blog

55 Days at Peking - 北京55日

We Were Born in a Great Hour - Зродились ми з великої години

Legion "Freedom of Russia" - Легион "Свободы России"